မြန်မာ့ငလျင်အပြီးတွင် အိန္ဒိယ မှ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ် ရောက်ရှိ

News Image

  • မြန်မာ့ငလျင်အပြီးတွင် အိန္ဒိယ မှ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ် ရောက်ရှိ

မြန်မာ့ငလျင်အပြီးတွင် အိန္ဒိယနိုင်ငံ မှ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်ကို စတင်ပေးပို့ကာ ရောက်ရှိပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
@IAF_MCC C-130 လေယာဉ်ဖြင့် စောင်၊ တာပေါ်လင်မိုးကာ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ သယ်ဆောင်လာကြောင်း သိရသည်။
ထို့ပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့တို့သည်လည်း ဤ‌လေယာဉ်ပါဝင်လိုက်ပါလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ပထမအကြိမ်အဖြစ် ပေးပို့သောကူညီကယ်ဆယ်ရေးပစ္စည်းများအား ရန်ကုန်မြို့တွင် ယနေ့ (မတ်လ ၂၉ ရက်) တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး နောက်ထပ်အကူအညီများကို ဆက်လက်ပေးပို့သွားမည်ဖြစ်သည်ဟုလည်း သံရုံးမှ သိရသည်။
ငလျင်လှုပ်ခတ်အပြီးတွင် အိန္ဒိယနိုင်ငံမှအကူအညီနှင့် ကယ်ဆယ်ရေးပစ္စည်းများ အမြန်ပေးပို့နိုင်ရန် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းရှိကြောင်း ကနဦးသတင္းရရှိပါသည္။ 

Source​: NP News