မြန်မာငလျင်ဘေးအတွက်ဥရောပသမဂ္ဂမှ အရေးပေါ် ယူရို ၂.၅သန်း အကူအညီပေးအပ်

News Image

  • မြန်မာငလျင်ဘေးအတွက်ဥရောပသမဂ္ဂမှ အရေးပေါ် ယူရို ၂.၅သန်း အကူအညီပေးအပ်

ဥရောပသမဂ္ဂသည် ငလျင်ဒဏ် ထိခိုက်နေသော မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
ယင်းအထောက်အပံဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ် ကြောင်းထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံ တွင် နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

Source​: NP News