မြန်မာ့ ငလျင်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ​ဥက္ကဋ္ဌ ထံ အိန္ဒိယ ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ဆက်သွယ် ပြောကြားခဲ့ပြီး မြန်မာ ပြည်သူများနှင့်အတူ ရပ်တည်နေဟုဆို

News Image

  • မြန်မာ့ ငလျင်နှင့် ပတ်သက်၍ နစက ဥက္ကဌ ထံ အိန္ဒိယ ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ဆက်သွယ် ပြောကြားခဲ့ပြီး မြန်မာ ပြည်သူများနှင့် အတူ ရပ်တည်နေဟုဆို

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း ဆက်သွယ် စကား ပြောကြားခဲ့သည်ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ၎င်း၏ လူမှုကွန်ယက် X စာမျက်နှာထက်တွင် ရေးသားထားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ မှ ပေးပို့သော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်သည့် ယနေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ရာ စောင်၊ တာပေါ်လင်မိုးကာ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်သည်။
ထိုပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲနှင့် ဆေးဘက်ဆိုင်ရာအဖွဲတို့သည်လည်း ဤလေယာဉ်ဖြင့်ပင် ပါဝင်လိုက်ပါလာကြောင်း သိရသည်။
“မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းထံသို့ ဆက်သွယ်ပြီး ပြင်းထန်သောငလျင်ကြောင့် အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းရပါကြောင်း သတင်းစကားပြောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောမိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် ဤခက်ခဲသောအချိန်ကာလတွင် မြန်မာပြည်သူများနှင့် အတူညီညွတ်စွာရပ်တည်နေပါသည်။ #OperationBrahma ၏အစိတ်အပိုင်းအနေဖြင့် ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်” ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ရေးသားခဲ့ခြင်း ဖြစ်သည်။

Source​: NP News