ပင်တဂွန်စစ်ဌာနချုပ်သည် အာရှ-ပစိဖိတ်ဒေသနှင့် တရုတ်ကို အမေရိကန် စစ်တပ်၏ ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်

News Image

  • ပင်တဂွန်စစ်ဌာနချုပ်သည် အာရှ-ပစိဖိတ်ဒေသနှင့် တရုတ်ကို အမေရိကန် စစ်တပ်၏ ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်

ပင်တဂွန်စစ်ဌာနချုပ်သည် အာရှ-ပစိဖိတ်ဒေသနှင့် တရုတ်ကို အမေရိကန် စစ်တပ်၏ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှကာကွယ်ရေးဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌရာထူးအတွက်အမည်စာရင်း တင်သွင်းခံရသူ ဒန်ကိန်း(Dan Kaine) က “အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာ ဒေသများရှိ အမေရိကန် အကျိုးစီးပွားများကို တရုတ်ပြည်ကြီးက ခြိမ်းခြောက်နေမှုသည်အမှန်တကယ်ဖြစ်ပြီး တိုးပွားလျက်ရှိသည်” ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ပါသည်။ အမေရိကန်စစ်တပ်၏ အမြင့်ဆုံးဦးစားပေးမှုမှာ အာရှ-ပစိဖိတ်ဒေသနှင့် တရုတ်ကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ ကာကွယ်ရေးဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌအဖြစ် အဆိုပြု ထားသော ဒန်ကိန်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကိန်း၏အဆိုအရ “တရုတ်၏ခြိမ်းခြောက်မှုသည် အမေရိကန်၏ အကျိုးစီးပွားများကို အန္တရာယ်ပြုနေပြီး ပိုမိုဆိုးရွားလာနေသည်” ဟု ဆိုပါသည်။ အမေရိကန်သည် ထိုဒေသတွင် တရုတ်၏စစ်ရေးစူးရှမှုကို ထိန်းချုပ်ရန် မဟာမိတ်များနှင့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်” ဟု ၎င်းက ယုံကြည်နေပါသည်။ ထို့ပြင် အမေရိကန်၏ စစ်ထောက်ခံမှုစက်မှုလုပ်ငန်းများ၏လက်ရှိလုပ်ဆောင်မှုများကိုဝေဖန်ခဲ့ပြီး ယခုခေတ်၏ လိုအပ်ချက်များနှင့် မကိုက်ညီ ဟု ၎င်းက ထောက်ပြခဲ့ပါသည်။ ဒန်ကိန်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် အမေရိကန် လေတပ်မှ အငြိမ်းစားယူခဲ့သည်။ အမေရိကန်ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌရာထူးကို စတားလေးပွင့်ရှိသော ဗိုလ်ချုပ်ကြီးများသာ ထမ်းဆောင်နိုင်သော်လည်း အမေရိကန်သမ္မတသည် အထူးအခြေအနေများတွင် ထိုစည်းမျဉ်းကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ အကယ်၍ ဆီးနိတ်က ၎င်း၏ခန့်အပ်မှုကို အတည်ပြုပါက ကိန်းသည် စစ်မှုထမ်းဘဝသို့ ပြန်လည်ဝင်ရောက်ပြီး အလိုအလျောက် စတား လေးပွင့်ဗိုလ်ချုပ်ကြီးဖြစ်လာမည်ဖြစ်ပါသည်။

ကိုးကား-TASS