အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာနှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သောမိတ်ဆွေ” (great friend of India) အဖြစ် ဂုဏ်ပြုခဲ့

News Image

  • အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာနှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သောမိတ်ဆွေ” (great friend of India) အဖြစ် ဂုဏ်ပြုခဲ့

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ သည် ထိုင်းနိုင်ငံသို့ ခရီးစဉ်အတွင်း ဧပြီလ ၃ ရက် (ကြာသပတေးနေ့)တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှီနာဝါထရာ နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သော မိတ်ဆွေ"” ဟု ဂုဏ်ပြုခဲ့သည်။ 

နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးမှုအသေးစိတ်

မိုဒီက ၎င်း၏ လူမှုကွန်ယက် X (Twitter) တွင် သက်ဆင်၏ “အုပ်ချုပ်ရေးနှင့် မူဝါဒရေးဆွဲမှုဆိုင်ရာ ကျယ်ပြန့်သော အတွေ့အကြုံ” ကို အသိအမှတ်ပြုခဲ့ပြီး အိန္ဒိယ၏ ယခင်ဝန်ကြီးချုပ် အာတလ် ဘီဟာရီ ဗာဂျ်ပါယီ (Atal Bihari Vajpayee) နှင့် ၎င်း၏ ရင်းနှီးသော ဆက်ဆံရေးကိုလည်း ဖော်ပြခဲ့သည်။ 

“အိန္ဒိယ၏ Act East မူဝါဒနှင့် ထိုင်း၏ Act West မူဝါဒ တို့သည် တစ်ခုနှင့်တစ်ခု ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ပြီး နှစ်နိုင်ငံအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးမည်” ဟု မိုဒီက မှတ်ချက်ပြုခဲ့သည်။ 

မိုဒီသည် BIMSTEC (ဘင်္ဂလားပင်လယ်အော်ဒေသ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့) ၏ ၆ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပါဝင်ရန် ထိုင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အစည်းအဝေးသည် အိန္ဒိယနှင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံများ အကြား ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။

ကိုးကား-PTI, Reuters