သီရိလင်္ကာရေတပ်သည်ဟီရိုအင်းနှင့် မက်သမ်ဖက်တမင်း (Heroin and Crystal Methamphetamine) ၇၀၀ ကီလိုဂရမ် စံချိန်တင် ဖမ်းဆီး ရမိ
သီရိလင်္ကာရေတပ်သည် ဟီရိုအင်းနှင့် မက်သမ်ဖက်တမင်း (heroin and crystal methamphetamine) ၇၀၀ ကီလိုဂရမ် စံချိန်တင် ဖမ်းဆီးရမိခဲ့ပါသည်။ သီရိလင်္ကာရေတပ်သည် ဟီရိုအင်းနှင့် ခရစ္စတယ် မက်သမ်ဖက်တမင်း ၇၀၀ ကီလိုဂရမ်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည် သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိသည့် ဖြစ်ရပ်ဖြစ်ကြောင်း ဧပြီ ၅ ရက်(စနေနေ့) တွင် ရေတပ်က ပြောကြားခဲ့ပါသည်။ ရေတပ် မီဒီယာ ဒါရိုက်တာ ဗုဒ္ဓိကစမ္ပတ် (Buddhika Sampath)က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုး သည် သီရိလင်္ကာရူပီး ၁ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄ သန်းခန့်) ထက် ပိုမိုကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။ ယခင်ရက်သတ္တပတ်အတွင်း ရေတပ်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (Police Narcotics Bureau) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင် မူးယစ်ဆေးများကို သိမ်းဆည်းနိုင်ခဲ့ပြီး မူးယစ်ဆေးသယ်ယူသည့် ငါးဖမ်းသင်္ဘောတစ်စီးနှင့်အတူ သံသယရှိသူ ၇ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒါရိုက်တာ ဗုဒ္ဓိကစမ္ပတ်၏အဆိုအရ မူးယစ်ဆေးဝါးများကို အိတ် ၅၁ လုံးတွင် ထည့်ထားပြီး ခရစ္စတယ်မက်သမ်ဖက်တမင်း ၅၀၀ ထုပ်နှင့် ဟီရိုအင်း ၁၇၈ ထုပ် ပါဝင်ကြောင်းသိရသည်။သိမ်းဆည်းရမိမှုသည်သီရိလင်္ကာနိုင်ငံ၏အနောက်ဘက်ကမ်းရိုး တန်းမှ ရေပြင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား စစ်ဆေးပြီးနောက် ရေတပ် ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးကန်ချာနာတာနာဂိုဒါက ငါးဖမ်းသင်္ဘောပိုင်ရှင်များအား မူးယစ်ဆေးဝါးမှုများ တွင် ပါဝင်ပတ်သက်မှုများကို ချက်ချင်းရပ်တန့်ရန် သတိပေးခဲ့ပါသည်။
ကိုးကား- https://thepeninsulaqatar.com