အီရန်သည် အမေရိကန် ၁ ဒေါ်လာကို အီရန်ငွေကြေး ရီယယ် ၁သန်းကျော် ပေးနေရပြီ

News Image

  • အီရန်သည် အမေရိကန် ၁ ဒေါ်လာကို အီရန်ငွေကြေး ရီယယ် ၁သန်းကျော် ပေးနေရပြီ

အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြားတွင် နိုင်ငံရေးတင်းမာမှုများ ဆက်တိုက် ဖြစ်ဖော်နေသည့်အချိန်၌ အီရန်ငွေကြေး ရီယယ်က စံချိန်တင် ကျဆင်းမှုများဖြစ်နေပါသည်။ ဧပြီ ၅ ရက် က ပေါက်ဈေးဆိုရင် ကန် ၁ ဒေါ်လာကို ရီယယ် ၁,၀၄၃,၀၀၀ အထိဖြစ်ခဲ့ပါသည်။ 

ပါရှန်နှစ်သစ်ကူးကာလတွင် ရီယယ်သည် ၁ သန်းကျော် ကျဆင်းသွားခဲ့ပြီး ငွေကြေးဆိုင်များပိတ်ကာ လမ်းများပေါ်တွင်သာ အလွတ်သဘော ရောင်းဝယ် ဖောက်ကားမှုများကြောင့် စျေးကွက်အပေါ် ထပ်လောင်း ဖိအားများ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် ကုန်သည်များသည် ဧပြီ ၅ ရက်တွင် အလုပ်ပြန်စသည်နှင့်အမျှ နှုန်းထားသည် တစ်ဒေါ်လာလျှင် ၁,၀၄၃,၀၀၀ သို့ ပို၍ကျဆင်းသွားပြီး အနိမ့်ဆုံးသို့ ရောက်ရှိသွားပါသည်။ 

အီရန်နိုင်ငံ၏ ငွေကြေးဖလှယ်မှု၏ ဗဟိုချက်ဖြစ်သော တီဟီရန်မြို့ရှိ ဖာဒိုးဆီလမ်းတွင် အချို့သော ကုန်သည်များသည် ရီယယ် မည်မျှအထိ ကျဆင်းနိုင်သည်ကို မသေချာသဖြင့် ငွေလဲ နှုန်းထားပြသသည့် အီလက်ထရွန်နစ် ဆိုင်းဘုတ်များကိုပင် ပိတ်လိုက်ကြပါသည်။

ကိုးကား-အင်တာနက်စာမျက်နှာ