အီလွန်မက်သည်ထရမ့်နှင့်ဗန့်စ်၏အကြံ​ပေးအဖြစ်ဆက်ရှိမည်

News Image

  • အီလွန်မက်သည်ထရမ့်နှင့်ဗန့်စ်၏အကြံ​ပေးအဖြစ်ဆက်ရှိမည်

အမေရိကန် ဒုတိယသမ္မတ ​ဂျေဒီဗန့်စ် က အီလွန်မက်သည် အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) ၏ ဦးဆောင်သူအဖြစ် တာဝန်ထမ်း ဆောင်မှု ပြီးဆုံးသွားပြီးနောက် သမ္မတ ထရမ့်နှင့် ၎င်းအတွက် “သူငယ်ချင်း နှင့် အကြံပေး” အဖြစ် ဆက်လက်ရှိနေမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ 

အီလွန်မက်၏ အထူးအစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မှုသည် မေလနှောင်းပိုင်းတွင်ကုန်ဆုံးမည်ဖြစ်ပါသည်။ ထို့နောက် ဘီလျံနာ တစ်ဦး ဖြစ်သည့် ၎င်းအနေဖြင့် ၎င်း၏ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများဆီသို့ ပြန်လည်ဦးတည်မည်ဟု မျှော်လင့်ရသည်။ 

DOGE ဌာနကို ထရမ့်၏ အမိန့်ကြော်ငြာစာ (executive order) ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းဌာနသည် ၂၀၂၆ ခုနှစ်အထိ ဆက်လက်လုပ်ငန်းများ လည်ပတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-အင်တာနက်စာမျက်နှာ

Photo Credit to people.com