ICC မှ ဟန်ဂေရီ နုတ်ထွက်
ဟန်ဂေရီအစိုးရသည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ရှိ နိုင်ငံတကာ ရာဇ၀တ် တရားခုံရုံး (ICC) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ရုံးအကြီးအကဲ Gergely Gulyas က ပြောကြားလိုက်ပါသည်။
“မိမိတို့အစိုးရအနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားခုံရုံးကနေ နုတ်ထွက် ရန် ဆုံးဖြတ်ထားပါကြောင်း၊ ရပ်စဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေမူဘောင်များအရ ဧပြီလ ၃ ရက် (ကြာသပတေးနေ့)မှာ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်” ဟု ၎င်းက ပြောပြထားကြောင်း MTI သတင်းဌာနက ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category