အမေရိကန်နိုင်ငံတွင် ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများကို ဥပဒေအရ ဖိအားပေးနေမှုကို ရပ်တန့်တော့မည်ဖြစ်
ဝါရှင်တန် ဇွန် ၁၇
အမေရိကန်နိုင်ငံတွင် ရုပ်ကြွင်းလောင်စာကုမ္ပဏီများကို ဥပဒေလမ်းကြောင်းအရ ဖိအားပေးနေမှုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ(EPA)က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။
ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေးစီမံချက်များအရ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ရုပ်ကြွင်းလောင်စာ ထုတ်လုပ် သည့်ကုမ္ပဏီများကို ဥပဒေစည်းမျဉ်းများဖြင့် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ(EPA)က ရုပ်ကြွင်း လောင်စာထုတ်လုပ်သည့်ကုမ္ပဏီများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများဖြင့် ကန့်သတ်ထိန်းချုပ်မှုများကို အဓိက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း စီးပွားရေး ကဏ္ဍနှင့် စက်မှုဇုန်ကဏ္ဍတို့ အတွက် အရေးပါသည့်ရုပ်ကြွင်း လောင်စာများ ထုတ်လုပ်မှုလျော့ ကျလာသည့်အတွက် သမ္မတ
ဒေါ်နယ်ထရမ့်အနေဖြင့် ရုပ်ကြွင်း လောင်စာကုမ္ပဏီများကို ဥပဒေ ဖြင့် ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့ရန်အတွက် EPA ကို ညွှန် ကြားခဲ့ကြောင်း သိရသည်။
"ပြီးခဲ့တဲ့အစိုးရအဖွဲ့က ရေနံ နဲ့ သဘာဝဓာတ်ငွေ့နယ်ပယ်ကို အဓိက ပစ်မှတ်ထားပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေတွေကြောင့် ပြည်သူတချို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်။ လက်ရှိ EPA အနေနဲ့ ဒီဥပဒေစည်းမျဉ်းတွေ အတိုင်း လိုက်ပါလုပ်ဆောင်နေ ရတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်တွေမှာ စစ်ဆေးမှုတွေ၊ ဖိအားပေးမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ စီးပွားရေးကဏ္ဍနဲ့ စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍအတွက် ရုပ်ကြွင်း လောင်စာကုမ္ပဏီတွေကို ဥပဒေ လမ်းကြောင်းအရ ဖိအားပေးတာ တွေကို ရပ်တန့်တော့မှာဖြစ်ပါ တယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ(EPA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
Ref: Sputnik News
Trs: Sai Sat
YDNB Newspaper
Photo - The Guardian