Space-X ကုမ္ပဏီက ဖယ်လ်ကွန်-၉ ဒုံးပျံများ၏ ၅၀၁ ကြိမ်မြောက် မစ်ရှင်အဖြစ် စတားလင့်ခ်ဂြိုဟ်တု ၂၃ စင်းကို လွှတ်တင်ခဲ့

News Image

  • Space-X ကုမ္ပဏီက ဖယ်လ်ကွန်-၉ ဒုံးပျံများ၏ ၅၀၁ ကြိမ်မြောက် မစ်ရှင်အဖြစ် စတားလင့်ခ်ဂြိုဟ်တု ၂၃ စင်းကို လွှတ်တင်ခဲ့

ဝါရှင်တန် ဇွန် ၁၇ 
အမေရိကန်နိုင်ငံ အခြေစိုက် Space-X ကုမ္ပဏီသည် ဖယ်လ်ကွန်-၉ ဒုံးပျံများ၏ ၅၀၁ ကြိမ် မြောက် မစ်ရှင်အဖြစ် ဇွန် ၁၅ ရက် တွင် စတားလင့်ခ်ဂြိုဟ်ဟု ၂၃ စင်းကို လွှတ်တင်ခဲ့ကြောင်း ဇွန် ၁၆ ရက် သတင်းများအရ သိရသည်။
အဆိုပါစတားလင့်ခ်ဂြိုဟ်တု ၂၃ စင်း သယ်ဆောင်ထားသော ဖယ်လ်ကွန်-၉ ဒုံးပျံကို ဖလော်ရီဒါ ပြည်နယ် ကိပ်ကာနေဗာရယ် အာကာသစခန်းမှတစ်ဆင့် လွှတ် တင်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ စတားလင့်ခ်ဂြိုဟ် ဘုံ ၂၃ စင်းအနက် ၁၃ စင်းမှာ ဆဲလ်ဖုန်းများသို့ အင်တာနက် ဝန်ဆောင်မှု တိုက်ရိုက်ပေးနိုင်သော ဂြိုဟ်တုများဖြစ်ကြသည်။

လွှတ်တင်ပြီး ရှစ်မိနစ်ခန့် အကြာတွင် ဖယ်လ်ကွန် ၉ ဒုံးပျံ ၏ပထမအဆင့်ဒုံးယာဉ်သည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အသင့်စောင့်ဆိုင်းနေသော မောင်းသူမဲ့ ကွဲရေယာဉ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

လွှတ်တင်ပြီး တစ်နာရီ ငါး မိနစ်အကြာတွင် ဖယ်လ်ကွန်-၉ ဒုံးပျံ၏ ထိပ်ဖူး အဆင့်ဒုံးယာဉ်သည် သယ်ဆောင်ထားသည့် စတားလင့်ခ်ဂြိုဟ်တုများကို သတ်မှတ် ပတ်လမ်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၅ ရက် စကားလင့်ခ် မစ်ရှင်သည် Space X ကုမ္ပဏီက ယခုနှစ်အတွင်း လွှတ်တင်ခဲ့သော ၇၃ ကြိမ်မြောက် ဖယ်လ်ကွန်-၉ မစ်ရှင်ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Trs: KKO

နည်းပညာသတင်း

YDNB Newspaper