ယူကရိန်းပဋိပက္ခသို့ တရုတ်စစ်တပ် စေလွှတ်ခဲ့ခြင်း မရှိကြောင်း တရုတ် နိုင်ငံခြားရေး ပြောကြား
တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခတွင် စစ်တပ်များ ပေးပို့ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ မိမိနိုင်ငံသားများအား စစ်ပွဲများတွင် ပါဝင်ခြင်း မရှိစေရန်အမြဲတစေ ညွှန်ကြားထားပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Lin Jian က ပြောကြားထားပါသည်။
“တရုတ်အစိုးရက ယူကရိန်းရှိ စစ်ပွဲပဋိပက္ခဖြစ်ပွားရာနေရာများကို မိမိ နိုင်ငံသားများ ရှောင်ကြည်ကြရန်နှင့် မည်သည့်ဘက်ကမျှ ပါဝင်ခြင်း မရှိ စေရန် အမြဲတစေ ညွှန်ကြားလျက်ရှိပါကြောင်း၊ ယခု တရုတ်နိုင်ငံသားများ ရုရှား၏ အထူးစစ်ဆင်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြောင်း ထွက်ပေါ်နေ သည့်သတင်းများအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါကြောင်း”တရုတ် သံတမန်က ယူကရိန်းသတင်းထောက် မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃