အီရန်က အစ္စရေးကိုတိုက်ခိုက်ရန် ဒုံးကျည်အမျိုးအစားအသစ်ကိုအသုံးပြုခဲ့ဟုဆို
အီရန်နိုင်ငံသည် ဇွန်လ ၁၇ ရက်တွင် အစ္စရေးနိုင်ငံကိုတိုက်ခိုက်ရန် ဒုံးကျည် အမျိုးအစားအသစ်ကို အသုံးပြုခဲ့ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနမှပြောရေး ဆိုခွင့်ရှိသူ ရီဇာတာလေနစ်က ပြော သည်။
အီရန်တပ်မတော်အနေဖြင့် အစ္စရေး ကိုတိုက်ခိုက်ရန် လက်နက်အသစ်များကို အသုံးပြုသွားတော့မည်ဖြစ်ကြောင်း အီရန် ကြည်းတပ်ဦးစီးချုပ်ကပြောပြီးနောက် အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောခြင်း ဖြစ်သည်။
အစ္စရေးနိုင်ငံက ဇွန်လ ၁၃ ရက်တွင် အီရန်နိုင်ငံကို တိုက်ခိုက်မှုများစတင် လုပ်ဆောင်ပြီးနောက် အီရန်နိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် True Promise 3 ဟုအမည်ပေးထားသော စစ်ဆင်ရေးကို ဆင်နွှဲကာ အစ္စရေးစစ်ဘက်ပစ်မှတ်များ အပေါ် တိုက်ခိုက်မှုများလုပ်ဆောင်လာခြင်းဖြစ်သည်။
အဆိုပါနှစ်နိုင်ငံကြားတိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံးဒဏ်ရာ ရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။
Ref: Sputnik
Photo - France 24