ဂရင်းလန်က တရုတ်နှင့်ပေါင်းရန်ကြိုးစားနေ
ဂရင်းလန်ကျွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သိမ်းယူမည် ဟူသည့် ကြိုးစားမှုများကြောင့် ရွေးချယ်၍ရမည်ဆိုပါက တရုတ်ကိုသာ ရွေးချယ်မည်ဟု ဂရင်းလန်ကျွန်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်မော်ဇ်ဖီးလ် ကပြောသွားပါသည်။
"ကျနော်တို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်အောင် ကြိုးစားနေပါတယ်။တရုတ်က ကျနော်တို့အတွက် ပိုပြီးအရေးကြီးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ကိစ္စတော်တော်များများအတွက် လက်မှတ်တွေထိုးဖို့ လုပ်နေပါ တယ်။လောလောဆယ် လွတ်လပ်စွာကုန်သွယ်မှုအတွက် လက်မှတ်ထိုး ထားပြီးပါပြီ။ တရုတ်ဘက်ကလည်း ကျနော်တို့ရဲ့ ပင်လယ်စာတင်သွင်းမှုကို လက်ခံထားပါတယ်။တရုတ်နိုင်ငံမှာရှိတဲ့ ဒိန်းမတ်သံရုံးမှာ ဂရင်းလန်သံတမန် ဌာနကို သီးခြားဖွင့်လှစ်ထားပါတယ်"ဟု ဆိုပါသည်။
အမေရိကန်၏ မြောက်အတ္တလန်တစ် မဟာဗျူဟာကျကျ ကာကွယ်ရေး အတွက် ဂရင်းလန်ကို သိမ်းပိုက်ရန်ကြိုးစားမှုတွင် ဂရင်းလန်က တရုတ်နှင့် ပေါင်းရန်ကြိုးစားနေသည့်အတွက် အမေရိကန်အတွက် ပိုမို၍အခက်အခဲ ဖြစ်သွားရန်ရှိနေပြီး ဂရင်းလန်ကို သိမ်းပိုက်ရန် ဒိန်းမတ်အစိုးရအပေါ် ဖိအားပေးနိုင်ရန် လွယ်ကူသော်လည်း တရုတ်ကို ဖိအားပေးရန် မလွယ်ကူ သည့် သဘောသက်ရောက်နေပါသည်။
ကိုးကား-Myanmar National Post