အမေရိကန်၏ ဝေဟင်ဆီဖြည့် လေယာဉ်အစင်း ၃၀ ကျော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာ

News Image

  • အမေရိကန်၏ ဝေဟင်ဆီဖြည့် လေယာဉ်အစင်း ၃၀ ကျော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာ

အမေရိကန်နိုင်ငံမှ  ဝေဟင်ဆီဖြည့် လေယာဉ်အစင်း ၃၀ ကျော်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာပြီဖြစ်ကြောင်း Military Watch မဂ္ဂဇင်းက ဇွန်လ ၁၆ ရက်တွင်ဖော်ပြထားသည်။

အမေရိကန်က ယခုကဲ့သို့ဝေဟင်ဆီ ဖြည့်လေယာဉ်အစင်းရေ အများအပြားကို စေလွှတ်ခြင်းသည် ထူးခြားသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်ကြောင့် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန် စစ်ပွဲတွင် အမေရိကန်၏နက်ရှိုင်းစွာပါဝင်မှုရှိလာနိုင်သည်ကို ဖော်ပြနေကြောင်း ထိုမဂ္ဂဇင်းက သုံးသပ်ဖော်ပြထားသည်။

အစ္စရေး-အီရန်ပဋိပက္ခအတွင်း အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားများကို ထိခိုက်လာပါက ထိုပဋိပက္ခတွင် အမေရိကန်က တိုက်ရိုက်ပါဝင်လာနိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားသည်။

လေကြောင်းပျံသန်းမှုစောင့်ကြည့်ရေးဆိုင်ရာ အချက်အလက်များအရ အမေရိကန်မှ C-135 နှင့် KC-46 ဝေဟင်ဆီဖြည့်လေယာဉ်များသည် အရှေ့အလယ်ပိုင်းသို့‌ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုလေယာဉ်များသည် အစ္စရေးလေတပ်ကို ကူညီရန် သို့မဟုတ်   ထိုပဋိပက္ခတွင် အမေရိကန်ပါဝင်လာပါက ၎င်းတို့၏ တိုက်လေယာဉ်များ နှင့်ဗုံးကြဲလေယာဉ်များအတွက် အကူအညီ ရစေရန်ဖြစ်ကြောင်း အဆိုပါမဂ္ဂဇင်းက ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန်ပဋိပက္ခ၌ အမေရိကန်က ထောက်လှမ်းရေးသတင်းများ၊ ဂြိုဟ်တုမှပစ်မှတ်ရှာဖွေမှု အချက်အလက်များနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးနေစဉ် အနောက်နိုင်ငံအချို့မှဆီဖြည့်လေယာဉ်များက အစ္စရေးကို ကူညီပေးနေကြောင်း သိရသည်။

MWD Web Portal