ရုရှားက ယူကရိန်းမှကျဆုံး စစ်သည်ရုပ်အလောင်း ၆၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်း ပေးအပ်
ရုရှားနိုင်ငံသည် ယူကရိန်းနှင့်ဖြစ်ပွားသည့် ပဋိပက္ခအတွင်း ယူကရိန်းမှ ကျဆုံးသွားသည့် စစ်သည်များ၏ ရုပ်အလောင်း ၆၀၀၀ ကျော်ကို ယူကရိန်းသို့ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ပဋိပက္ခနှင့် စပ်လျဉ်း၍ ရုရှားစေ့စပ် ညှိနှိုင်းရေးမှူးဖြစ်သည့် ဗလာဒီမာမက်ဒင်စကီ ကပြောသည်။
ရုရှားဘက်က ယူကရိန်းသို့ ကျဆုံးစစ်သည် ၆၀၆၀ ၏ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းပေးစဉ် ယူကရိန်းက ရုရှားသို့ ရုရှားနိုင်ငံမှ ကျဆုံးစစ်သည် ၇၈ ဦး၏ ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းပေးကြောင်း ဗလာဒီမာမက်ဒင်စကီက ဇွန်လ ၁၆ ရက်တွင်ပြောသည်။
ယခုလအစောပိုင်းတွင် တူကီယဲနိုင်ငံ၌ ကျင်းပခဲ့သော ရုရှား-ယူကရိန်း မျက်နှာချင်းဆိုင် ဆွေးနွေးမှုအတွင်း ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည် ဖော်သည့်အနေဖြင့် ယခုကဲ့သို့လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း မက်ဒင်စကီကပြော ထားသည်ဟု သိရသည်။
MWD Web Portal
MM-News-Category