Victory Day အခမ်းအနား အဖွဲ့ဝင်နိုင်ငံများ မတက်ရောက်ရန် EU တိုက်တွန်း

News Image

  • Victory Day  အခမ်းအနား  အဖွဲ့ဝင်နိုင်ငံများ  မတက်ရောက်ရန်  EU တိုက်တွန်း

မော်စကို၌ မေ ၉ တွင် ကျင်းပမည့် Victory Day အခမ်းအနားသို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်ခြင်း မပြုကြရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ  Kaja Kallas က ဥရောပနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတိပေး ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များအနေဖြင့် အဆိုပါ မေ ၉ ရက်တွင် ယူကရိန်းနိုင်ငံ ကိယက်ဗ်သို့ သွားရောက်ရန် စီစဉ်ထားခြင်း ရှိ၊ မရှိ ယူကရိန်းသတင်းထောက်များ၏ မေးမြန်းချက် အပေါ် “ မိမိတို့အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ် များအား စည်းလုံးညီညွတ်မှုပြသရန် ကိယက်ဗ်နှင့် ကျန်ယူကရိန်းဒေသ များသို့ အတတ်နိုင်ဆုံး သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းထား ပါတယ်၊  ထိုခရီးစဉ်များတွင် စစ်ရေးအကူအညီများ ပေးနိုင်ဖို့ကိုလည်း ဘရပ်ဆဲလ်က တိုက်တွန်းထားပါတယ်”ဟုသူမကဖြေကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃