တရုတ်က ကမ္ဘာ့အမြင့်ဆုံး တံတားဆောက်လုပ်နေ
ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀၀ တွင် ထက်ဝက်နီးပါးခန့်သည် တရုတ်နိုင်ငံ၊ တောင်တန်းဒေသဖြစ်သည့် တရုတ်နိုင်ငံ ကွေကျိုးပြည်နယ်၌ တည်ရှိပါသည်။ အဆိုပါတံတားများထက် ပိုမြင့်မားမည့် ကမ္ဘာ့အမြင့်ဆုံး တံတားတစ်စင်းကို လာမည့်ဇွန်လအတွင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရပါသည်။ Huajiang Grand Canyon အမည်ရှိ တံတားသစ်သည် မြစ်ရေ မျက်နှာပြင်အထက် ၂,၀၅၁ ပေ (၆၂၅ မီတာ) မြင့်ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်သည့် ပြင်သစ်နိုင်ငံ၏ Millau Viaduct တံတားထက် ၉၄၇ ပေ မြင့်မားမည် ဖြစ်ပါသည်။ အဆိုပါတံတားသစ်သည် ချောက်ကမ်းပါးကို ဖြတ်သန်းသွားလာနေရသည့် ခရီးသွားလာချိန်ကို နှစ်နာရီမှ တစ်မိနစ်သို့ လျှော့ချပေးနိုင်မည်ဟု သိရပါသည်။
ကိုးကား-NP News
MM-News-Category