အယ်လီဂေတာအယ်လ်ထရက်ဇ်ထိန်းသိမ်းရေးစခန်းသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သွားရောက်
နယူးယောက် ဇူလိုင် ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁ ရက်တွင် တရားမပဝင်ရွှေ့ပြောင်းဝင်ရောက် သူများကို ယာယီထိန်းသိမ်းရေး အတွက် တည်ဆောက်ထားသော ထိန်းသိမ်းရေးစခန်းသစ်သို့ သွား ရောက်ခဲ့ကြောင်း သိရသည်။
အယ်လီဂေတာအယ်လ်ထရက်ဇ် အမည်ရှိ အဆိုပါထိန်းသိမ်းရေး စခန်းကို ဖလော်ရီဒါပြည်နယ် အတွင်းရှိ မိကျောင်းနှင့် စပါးကြီး မြွေပေါများသော အဲဗားဂလိတ် ဒေသ၌ တည်ဆောက်ထားခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံအတွင်းသို့တရားမဝင် ရွှေ့ပြောင်းဝင်ရောက် လာသူများအား နှင်ထုတ်မှုလုပ်ငန်း ကို အရှိန်မြှင့်တင်ပေးမည့် ဥပဒေ ကြမ်းတစ်ရပ်အား အထက် လွှတ်တော်က မဲခွဲအတည်ပြုရန် စီစဉ်နေစဉ် အယ်လ်ထရက်ဇ် ထိန်းသိမ်းရေး စခန်းသို့ သမ္မတဒေါ်နယ်ထရမ့် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်ယာမီမြို့နှင့် ၃၇ မိုင်အကွာတွင်တည်ရှိသော အယ်လီဂေတာ အယ်လ်ထရက်ဇ် ထိန်းသိမ်းရေးစခန်းသည် တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်သူ ၅၀၀၀ထိ လက်ခံနေရာပေးထားနိုင်သည်။
အယ်လီဂေတာအယ်လ်ထရက်ဇ် ထိန်းသိမ်းရေးစခန်းအတွက် အမေရိကန်အစိုးရအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ထိ သုံးစွဲရဖွယ်ရှိသည်။
အယ်လီဂေတာ အယ်လ်ထရက်ဇ် ထိန်းသိမ်းရေးစခန်း လုံခြုံရေး အတွက် ယင်းစခန်းသို့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁၀၀ စေလွှတ် ရန် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးက စီစဉ်ထားကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
YDNB Newspaper