တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေ လာမည့်နှစ်ပေါင်း ၁၀၀ အတွင်း ၈၅ ရာခိုင်နှုန်းအထိ ကျဆင်း လာနိုင်
တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် လာမည့်နှစ်ပေါင်း ၁၀၀ အတွင်း ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း ပုဂ္ဂလိက လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကိုရီးယား ကျွန်းဆွယ် လူဦးရေဆိုင်ရာ အဖွဲ့အစည်းက ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်သည်။
တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိအခြေအနေများအရ လာမည့် ၂၁၂၅ ခုနှစ်တွင် နိုင်ငံအတွင်းရှိ လူဦးရေသည် ယခုလက်ရှိလူဦးရေ ၅၁ ဒသမ ၆၈ သန်းမှ ၇ ဒသမ ၅၃ သန်းခန့် ကျဆင်းသွားနိုင်ကြောင်း အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ ကျဆင်းလာမည့် အဆိုပါလူဦးရေပမာဏသည် ယနေ့ကာလ ဆိုးမြို့တော်ရှိ လူဦးရေထက်ကျဆင်းသွားမည်ဖြစ်သည်။ လက်ရှိတွင် ဆိုးမြို့တော်၏ လူဦးရေ သည် ၉ ဒသမ ၃ သန်းရှိကြောင်း သိရသည်။
ကိုရီးယားကျွန်းဆွယ် လူဦးရေဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန်သည့်အစီရင်ခံစာတွင် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည့်နိုင်ငံ လူဦးရေကျဆင်းမှုကို ဖော်ပြထားပြီး လာမည့် ၂၀၇၅ ခုနှစ်တွင် လက်ရှိလူဦးရေ၏ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ ကျဆင်းလာရခြင်း၏ အဓိက အကြောင်းရင်းများတွင် နိုင်ငံအတွင်း ကလေးသူငယ်မွေးဖွားနှုန်း ကျဆင်းလာခြင်း ပါဝင်လျက်ရှိကြောင်း သိရသည်။
MWD Web Portal