ကုလသမဂ္ဂ၏ ထောက်ပံ့ရေးပစ္စည်းများပါ ကုန်တင်ယာဉ် အစီး ၉၀ ဂါဇာဒေသသို့ စတင်ဝင်ရောက်

News Image

  • ကုလသမဂ္ဂ၏ ထောက်ပံ့ရေးပစ္စည်းများပါ ကုန်တင်ယာဉ် အစီး ၉၀ ဂါဇာဒေသသို့ စတင်ဝင်ရောက်

ကုလသမဂ္ဂ၏စီစဉ်မှုဖြင့် ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်အစီး ၉၀ သည် ဂါဇာနယ်စပ်၌ သုံးရက်ကြာ စောင့်ဆိုင်းနေရပြီးနောက် မေလ ၂၁ ရက်ညပိုင်းတွင် ဂါဇာဒေသသို့ စတင်ဝင်ရောက်ခွင့် ရရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတွင် ဂျုံများ၊ ကလေးများအတွက် အစားအသောက်များ၊ ကျန်းမာရေးသုံးပစ္စည်းများ ပါဝင်ပြီး ယခုအခါထိုထောက်ပံ့ရေး ပစ္စည်းများသည် ဖြန့်ဖြူးရေး ဂိုဒေါင်များထဲသို့  ရောက်ရှိနေပြီဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောသည်။

အစ္စရေးအစိုးရက ဂါဇာဒေသအပေါ် သီတင်းပတ် ၁၁ ပတ်ကြာပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးလိုက်ပြီးနောက် ပထမဆုံးအနေဖြင့် အဆိုပါထောက်ပံ့ရေးပစ္စည်းများဝင်ရောက်လာခြင်းဖြစ်သည်။

လူပေါင်း ၂ သန်းကျော်ရှိသည့် ဂါဇာဒေသ၌ အစ္စရေး၏ ပိတ်ဆို့မှုများကြောင့် ပြည်သူများမှာ ကြီးစွာသော အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း   လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပြီးနောက် ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာခြင်းဖြစ်သည်။

Source: Myawady Web Portal