ကျောက်ဆည်မြို့နယ်တွင် ရွေ့လျားစနစ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
ကျောက်ဆည်၊ ဩဂုတ်-၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အတွင်းရှိပြည်သူများ စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ရွေ့လျား စနစ်ဖြင့် ပြည်သူ့ သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျှော့ချ၍ ဝက်သား (၂၀) ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာအပြင် ဟင်းသီးဟင်းရွက် များပါ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)