မော်စကိုတွင် ကျင်းပခဲ့သော Hack Fest သည် BRICS နိုင်ငံများ၏ ဆိုက်ဘာဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြနေ
ရုရှား ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများသည် အဆိုပါနယ်ပယ်တွင် အထူးချွန်ဆုံးဖြစ်သည်ဟု BRICS နိုင်ငံများက ယုံကြည်ကြောင်းPositive Technologies Global Educational ဒါရိုက်တာ Yulia Danchina မှ ပြောကြားခဲ့သည်။
ရုရှား၏ သတင်းအချက်အလက်လုံခြုံရေး ဦးဆောင်ကုမ္ပဏီဖြစ်သော Positive Technologies (PT) က Positive Hack Days 2025 ဆိုက်ဘာ လုံခြုံရေးဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၂ ရက်မှ ၂၄ ရက်အထိ မော်စကို၌ စီစဉ်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသည် ကမ္ဘာ့အကြီးဆုံး ဆိုက်ဘာလုံခြုံရေးဆွေးနွေးပွဲ အခမ်းအနားဖြစ်ပြီး လက်တင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှမှ နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Danchina က အဆိုပါအခမ်းအနားသည် PT ၏ ပညာရေးနှင့် လက်တွေ့ကျွမ်းကျင်မှုများကို အထူးသဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် မျှဝေရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း ထောက်ပြခဲ့သည်။
“ရုရှားကျွမ်းကျင်ပညာရှင်များသည် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ အခြေခံအဆောက်အဦများကို ကာကွယ်ရာတွင် အကောင်းဆုံးဖြစ်သည်” ဟု တက်ရောက်လာသော နိုင်ငံတကာကိုယ်စားလှယ်များက ယုံကြည်ထားကြောင်း သူမက ပြောကြားခဲ့သည်။ “ယနေ့ ဤနေရာတွင် မိမိတို့ မြင်တွေ့နေရသော သဘောတူညီချက်များနှင့် ဆွေးနွေးမှုအဆင့်တို့က မိမိတို့၏ ယုံကြည်ချက်များမှန်ကန်ကြောင်း ထောက်ပြပေးနေပါသည်” ဟု သူမက ဆိုသည်။
BRICS အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှား၏ ကိုယ်စားလှယ် များသည် အခမ်းအနားအတွင်း PT နှင့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
အင်ဒိုနီးရှား၏ အဆင့်မြင့်ပညာ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Yudi Darma က PT မှ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော Modules ၊ Simulators နှင့် Teaching laboratories များကို ၎င်းတို့ အနေဖြင့် အထူးစိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်။
“Positive Technologies တွင် ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်မှုအရည်အချင်းအား သက်သေပြနိုင်သည့် Certificate ထုတ်ပေးနိုင်စွမ်းလည်း ရှိပါသည်” ဟု Darma က ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂