ဆွစ်ဇာလန်၌ရေခဲတောင်ပြိုကျမှု တောင်ခြေရှိကျေးရွာတစ်ခုလုံးကိုဖုံးလွှမ်း
ဆွစ်ဇာလန်နိုင်ငံတောင်ပိုင်းရှိတောင် ကြားဒေသတစ်ခု၌ ရေခဲတောင်ကြီးပြိုကျ မှုဖြစ်ပွားရာ တောင်ခြေရှိကျေးရွာတစ်ခု လုံးမှာ ကျောက်တုံးကျောက်ခဲများ၊ ရေခဲ များဖုံးလွှမ်းသွားကြောင်းသိရသည်။
ထို့နောက် တာဝန်ရှိသူများက ရေခဲ တောင်ပြိုကျမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးမှုအန္တရာယ်နှင့်ပတ်သက်၍ မေလ ၂၉ ရက်တွင်စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်းထုတ်ပြန်ထားသည်။
နိုင်ငံတောင်ပိုင်း ဗာလေ့ဒေသတွင်ရှိသော ဘာ့(ခ်ျ)ရေခဲတောင်ပြိုကျမှုကြောင့် ဘလတ်တန်ရွာမှာပျက်စီးသွားကြောင်း၊ လူဦးရေ ၃၀၀ ခန့်ရှိသည့် ထိုကျေးရွာမှ ပြည်သူများကို ပြီးခဲ့သည့်သီတင်းပတ်ကတည်းက ဘေးကင်းရာသို့ရွှေ့ပြောင်း ပေးထားခြင်းဖြစ်ကြောင်း၊ သို့သော်အမျိုး သားတစ်ဦးမှာမူ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ထိုနေရာ၌ရှိနေပြီး လက်ရှိအချိန်အထိပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
Ref: TST
Photo - NBC News
MM-News-Category