ယူကရိန်းဝန်ကြီးချုပ်ဟောင်းအား မော်စကိုက Academician အဖြစ် ရွေးချယ်တင်မြှောက်
ယူကရိန်းဝန်ကြီးချုပ်ဟောင်း Nikolay Azarov ကို ရုရှား၏ အဆင့်မြင့် သိပ္ပံအဖွဲ့အစည်း (RAS) မှ Academician အဖြစ် ရွေးချယ်တင်မြှောက် လိုက်ကြောင်း ကြေညာခဲ့သည်။
ဘူမိဗေဒဖြင့် ပါရဂူဘွဲ့ရပြီး Donetsk အမျိုးသားနည်းပညာ တက္ကသိုလ် တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Azarov သည် ၂၀၁၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ်အထိ ယူကရိန်းအစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။၎င်းသည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အနောက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ဖြစ်ပွားခဲ့သော Euromaidan ဆန္ဒပြမှု များကြောင့် နုတ်ထွက်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော သမ္မတ Viktor Yanukovich အား ဖယ်ရှားခံရပြီးနောက် ရုရှားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ရုရှားသိပ္ပံအကယ်ဒမီက သောကြာနေ့ (မေ ၃၀) တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Azarov နှင့်အတူ နိုင်ငံခြားသား ၃၉ ဦးအပါအဝင် စုစုပေါင်း ၈၅ ဦးအား Academician အဖြစ် ရွေးချယ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ RAS အဖွဲ့ဝင် ၅၂၁ ဦးက Azarov ၏ အမည်စာရင်းကို ထောက်ခံ မဲပေးခဲ့ကြသည်။
Azarov သည် ဘူမိဗေဒဌာန (Department of Earth Sciences) တွင် Academician အဖြစ် ရွေးချယ်ခံရပြီး ၎င်း၏ ၀ါသနာသည် သတ္တု တူးဖော်ရေးသိပ္ပံ (mining sciences) ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
RAS အဆိုအရ သိပ္ပံစာတမ်း ၁၀၀ ကျော်ရေးသားခဲ့သူ Azarov သည် မာကျောသောသတ္တုအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွင်း ကမ္ဘာ့မြေအနက်ပိုင်း၏ စက်မှုဆိုင်ရာ ပြောင်းလဲမှုသီအိုရီ (rational industry - related transformation of Earth’s depth) တွင် အရေးပါသော ပံ့ပိုး မှုများ ပြုခဲ့သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂