ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများက ဗြိတိန်အခွန်နှင့် အကောက်ခွန်ဌာနမှ စတာလင်ပေါင် ၄၇ သန်းကို ခိုးယူ

News Image

  • ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများက ဗြိတိန်အခွန်နှင့် အကောက်ခွန်ဌာနမှ စတာလင်ပေါင် ၄၇ သန်းကို ခိုးယူ

ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများသည် ဗြိတိန်နိုင်ငံ အခွန်နှင့် အကောက်ခွန်ဌာန (HMRC) မှ စတာလင်ပေါင် ၄၇ သန်း (ဒေါ်လာ ၆၄ သန်း) ကို ခိုးယူသွားခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှုကျူးလွန်သူများသည်  လူပေါင်း ၁၀၀၀၀၀ ကျော်ထံသို့ အီးမေးနှင့် မက်ဆေ့များပေးပို့၍ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များနှင့် စာရင်းများကို ခိုးယူ၍ ငွေများကို လိမ်ညာထုတ်ယူ သွားခြင်းဖြစ်ကြောင်း HMRC မှ ဒုတိယ ညွှန်ကြားရေးမှူး   အိန်ဂျဲလာ မက်ဒေါ်နယ် မက်ဒေါ်နယ်က ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် ငွေကြေးများကို  သုံးကြိမ် ထုတ်ယူသွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနကြီးတစ်ခုက  ဇွန်လ ၄ ရက်တွင် ဖော်ပြထားသည်။

ငွေကြေးများကို  ခိုးယူသွားခဲ့သူများသည် HMRC မှ ပြည်သူများ၏  ကိုယ်ရေးအချက် အလက်များကို ရယူနိုင်ရန်အတွက် အီးမေးနှင့် မက်ဆေ့များပေးပို့၍ လိမ်ညာသည့်နည်းလမ်း ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ကြောင်း ယင်းနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ BNR ရေဒီယို အသံလွှင့်ဌာနက ဖော်ပြခဲ့ကြောင်း  သိရသည်။

MWD Web Portal