ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ ပျံသန်းလာသည့် လေယာဉ်တစ်စင်း လေထန်မှုကြောင့်လှုပ်ယမ်း၊ ကိုးဦးဒဏ်ရာရ

News Image

  • ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ ပျံသန်းလာသည့် လေယာဉ်တစ်စင်း လေထန်မှုကြောင့်လှုပ်ယမ်း၊ ကိုးဦးဒဏ်ရာရ

ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ် လေထန်ပြီး လှုပ်ယမ်းသွား ခဲ့ခြင်းကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကိုးဦး ဒဏ်ရာရရှိသွားကြောင်း ဂျာမနီသတင်းစာကြီးတစ်စောင်ဖြစ်သည့် Die Zeit က ဇွန်လ ၅ ရက်တွင် ဖော်ပြသည်။

ဘာလင်မြို့မှ အီတလီနိုင်ငံ မီလန်မြို့သို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၁၈၅ ဦးလိုက်ပါလာခဲ့ပြီး ဒဏ်ရာရရှိသူ များတွင် လေယာဉ်အမှုထမ်း ရှစ်ဦးနှင့် ခရီးသည်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် သုံးဦးကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ref: Ivz