မော်တော်ယာဉ် အစင်းပေါင်း ၃ဝဝဝ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်း

News Image

  • မော်တော်ယာဉ် အစင်းပေါင်း ၃ဝဝဝ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်း

မော်တော်ယာဉ်အစင်းပေါင်း ၃၀၀၀ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

The Morning Midas ဟုအမည်ပေးထားသည့် အဆိုပါသင်္ဘော ပေါ်တွင် လျှပ်စစ်ကားများကို တင်ဆောင်လာခဲ့ပြီး အလက်ဆကာ ကမ်းလွန်တွင် ဇွန်လ ၃ ရက်က မီးစွဲလောင်ခြင်းဖြစ်သည်။ မီးလောင် ကျွမ်းမှုကြောင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ရေယာဉ်အမှုထမ်း ၂၂ ဦးစလုံးကို အနီးအနားမှ ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘော တစ်စင်းက ကယ်ဆယ်နိုင်ခဲ့သည်။

The Moming Midas သင်္ဘောသည် တရုတ်နိုင်ငံမှ မေလ ၂၆ ရက် တွင် ထွက်ခွာလာပြီး မက္ကဆီကိုနိုင်ငံ၊ လာဇာရို ကာဒီးနက်ဇ် ဆိပ်ကမ်း သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရသည်။

Ref: Ivz

Photo - Seatrade Maritime News

Myawady Daily Newspaper