ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသည့် နာမည်ကြီးဆေးဝါးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်

News Image

  • ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသည့် နာမည်ကြီးဆေးဝါးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်

ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသည့် နာမည်ကြီးဆေးဝါးသည် သုံးစွဲသူများတွင် ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်တက်စေနိုင်ကြောင်း သုတေသနအသစ် တစ်ခုတွင် ဖော်ပြထားသည်။

ကိုယ်အလေးချိန်လျော့ကျစေသည့် နာမည်ကြီးဆေးဝါး တစ်မျိုးဖြစ်သော Ozempic နှင့် အလားတူဆေးဝါးများသည် သုံးစွဲသူများတွင် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို ၃၃ ရာခိုင်နှုန်းမြင့်တက်စေနိုင်ကြောင်း အမေရိကန်ကုခန်းဆိုင်ရာ ဆေးဝါးအဖွဲ့အစည်းက ကျင်းပသည့်ကွန်ဖရင့်၌ တင်သွင်းသည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် အမေရိကန်ပြည်ထောင်စု ဖလော်ရစ်ဒါပြည်နယ်ရှိ ရောဂါဝေဒနာရှင်ပေါင်း ၈၆၀၀၀ ကျော်ကို ၁၀ နှစ်ကာလအတွင်းလေ့လာခဲ့ရာ ၎င်းတို့အနက်မှ ၈၃ ဦးသည် ကိုယ်အလေးချိန် လျော့ကျစေသည့် ဆေးဝါးများကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ကင်ဆာရောဂါသည် အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာပြသမှုမရှိဘဲ ရောဂါလက္ခဏာ ပြသချိန်များတွင် ရောဂါမှာပျံ့နှံ့သွားနိုင်သောကြောင့် ယင်းအခြေအနေမျိုးတွင် ရောဂါအား ကုသရန် ခက်ခဲစေတတ်ကြောင်း အင်ဒီယာနာ တက္ကသိုလ်မှ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာဟောင်တိုင်ကပြောသည်။ ထို့ကြောင့် ယခုတွေ့ရှိမှုသည် စိုးရိမ်ဖွယ်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

MWD Web Portal