ကြက်ဥစားသုံးမှုနှင့် သွေးအတွင်း ကိုလက်စထရောစုစည်းမှုအဆင့် မြင့်တက်လာဖွယ်မရှိ
ကင်ဘာရာ ဇူလိုင် ၂၄
ကြက်ဥစားသုံးမှုကြောင့် သွေးအတွင်းဆိုးကျိုးပြု ကိုလက်စထရောစုစည်းမှုအဆင့် မြင့်တက်လာဖွယ်မရှိကြောင်း ဆောက်သ်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များက ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
ကြက်ဥစားသုံးပါက သွေးအတွင်း ဆိုးကျိုးပြုကိုလက်စထရော စုစည်းမှုအဆင့် မြင့်တက်လာတတ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာတတ်ကြောင်း ရှေးယခင်က ယူဆခဲ့ကြသည်။
သို့ရာတွင် ဩစတြေးလျ နိုင်ငံ ဆောက်သ်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစားအစာများတွင် ပါဝင်သည့် ပြည့်ဝဆီများကြောင့်သာ ကိုလက်စထရောစုစည်းမှု မြင့်တက်လာနိုင်ပြီး ကြက်ဥကြောင့် ကိုလက်စထရောစုစည်းမှု မြင့်တက်လာသည့် သက်သေအထောက်အထားမျိုးမတွေ့ရကြောင်း သိရသည်။
သို့ရာတွင် ကျန်အစားအစာများ၌ ပြည့်ဝဆီပါဝင်မှုကိုလျှော့ချထားပါက ကြက်ဥကို နေ့စဉ် နှစ်လုံးစားသုံးပါက သွေးအတွင်း ကိုလက်စထရော ပါဝင်မှုကို လျှော့ချနိုင်ကြောင်း ဩစတြေးလျ သုတေသန ပညာရှင်များက ပြောကြားသည်။
သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစားအစာများ၌ ပြည့်ဝဆီတစ်ဂရမ်တိုး လာတိုင်း ဆိုးကျိုးပြုကိုလက်စထရော စုစည်းမှုအဆင့်သည်လည်း သုညဒသမ ၃၅ မှတ် မြင့်တက်လာတတ်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ