ရုရှားနိုင်ငံအား အကြွင်းမဲ့ဆက်လက် ထောက်ခံသွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြော
မြောက်ကိုရီးယားအစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံအား အကြွင်းမဲ့ ဆက်လက်ထောက်ခံသွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးကိစ္စရပ်များတွင် ရုရှားအစိုးရ၏ ရပ်တည်ချက်နှင့် နိုင်ငံခြားရေးမူဝါဒ၊ အထူးသဖြင့် ယူကရိန်းအရေးတွင် အကြွင်းမဲ့ဆက်လက် ထောက်ခံမည်ဟု ခေါင်းဆောင်ကင်က ရုရှားလုံခြုံရေးကောင်စီ တွင်းရေးမှူး ဆာဂျီရှိုင်းဂူနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇွန်လ ၅ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံမှုတွင် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့ကြား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရာတွင် အောင်မြင်မှုရရှိမည်ဟု မျှော်လင့်ကြောင်း ခေါင်းဆောင်ကင်က ဆက်လက်ပြောကြားသည်။
အလားတူပင် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MWD Web Portal