အီရန်နျူကလီးယားအရေး အီရန်၊ ရုရှား၊ တရုတ် တို့ ၃ ပွင့်ဆိုင် ဆွေးနွေး
အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များကြား သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်က တီဟီရန်၌ ကျင်းပခဲ့ပြီး အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အကျပ်အတည်းကို ဖြေရှင်းရန် အလေးထား ဆွေးနွေးခဲ့ကြကြောင်း Tasnim သတင်းဌာနက ဖော်ပြထား ပါသည်။
အစီရင်ခံစာအရ ကိုယ်စားလှယ်များက အီရန်နျူကလီးယား အစီအစဉ် နှင့်ပတ်သက်၍ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး တွေ့ဆုံညှိနှိုင်းမှုများ ဆက်တိုက် လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြပါသည်။
အစည်းအဝေးများကို လာမည့်ရက်သတ္တပတ်များအတွင်း အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ပါသည်။
အီရန်နိုင်ငံ ခရီးစဉ်အတွင်း ရုရှားနှင့် တရုတ် ကိုယ်စားလှယ်အဖွဲ့ အကြီး အကဲများသည် အီရန် နိုင်ငံရေး တာဝန်ခံ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Majid Takht-Ravanchi နှင့် အခြားသော အီရန် သံတမန်များနှင့် သီးခြား တွေ့ဆုံခဲ့ကြပါသည်။
ကိုးကား- TASS
Photo: aa.com.tr
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃