အိန္ဒိယနိုင်ငံတွင်လာမည့် ရက်သတ္တပတ်အတွင်း အပူချိန် ၄၄ ဒီဂရီအထိ မြင့်တက်ဖွယ်ရှိ

News Image

  • အိန္ဒိယနိုင်ငံတွင်လာမည့် ရက်သတ္တပတ်အတွင်း အပူချိန် ၄၄ ဒီဂရီအထိ မြင့်တက်ဖွယ်ရှိ

အိန္ဒိယနိုင်ငံတွင် လာမည့် ရက်သတ္တပတ်အတွင်း အပူချိန်သည် ၄၄ ဒီဂရီအထိမြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

အပူချိန်မြင့်တက်မှုသည် အဓိကအားဖြင့် ဒေလီမြို့နှင့်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဒေသများတွင် ဖြစ်ပွားလာနိုင်ကြောင်း၊ ယင်းကာလအတွင်း အဆိုပါဒေသများ၌ မိုးရွာသွန်းနိုင်မည် မဟုတ်ကြောင်း မိုးလေ ဝသဌာနက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံအတွင်း၌ အပူချိန်မြင့်တက်မှုသည် ဇွန်လ ၈ ရက်တွင် ၄၂ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး လာမည့်အပတ်တွင် ၄၄ ဒီဂရီအထိ  မြင့်တက်လာနိုင်သည်ဟု ထုတ်ပြန်ထားသည်။ ဒေလီမြို့တွင် ဇွန်လ ၇ ရက်က အပူချိန်သည် ၃၉ ဒသမ ၈ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး ယင်းမြို့အတွင်းရှိ လေထုအရည်အသွေးမှာလည်း ကျဆင်းလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒေလီမြို့တွင် အာဏာပိုင်များက အပူလှိုင်းဖြတ်သန်းမှုနှင့် စပ်လျဉ်း၍ သတိပေးချက်များ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ပန်ဂျပ်ပြည်နယ်၊ ဟာယာနာပြည်နယ်၊ ချိန်ဒီဂါပြည်နယ်၊ အွတ်တာပရာဒေ့ရှ်ပြည်နယ်နင့် မက်ဒရာပရာဒေ့ရှ် ပြည်နယ် များအပါအဝင် နိုင်ငံအနောက်ပိုင်းတွင်လည်း အပူလှိုင်းဖြတ်သန်းနိုင်သည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတွင် ဇွန်လမှစ၍ မိုးရွာသွန်းလေ့ရှိသော်လည်း   ယခုအခါ  အပူချိန် ဆက်လက်မြင့်တက်လျက်ရှိသည်။

MWD Web Portal