နယ်စပ်တင်းမာမှုလျှော့ချရေးနှင့် စပ်လျဉ်း၍ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား သဘောတူညီမှုရရှိ
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ဖြစ်ပွားနေသည့် နယ်စပ်တင်းမာမှု လျှော့ချရေး နှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကြား သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရသည်။
ကမ္ဘောဒီးယားအစိုးရနှင့် ကျင်းပခဲ့သည့် ဆွေးနွေးမှုအတွင်း အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာခဲ့ပြီး သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ ယင်းသဘောတူညီချက်အရ နှစ်နိုင်ငံစလုံးအနေဖြင့် နယ်စပ်တွင် ဖြန့်ကြက်ထားသည့် တပ်ဖွဲ့များကို ပြန်လည်ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်က ဇွန်လ ၈ ရက်တွင်ပြောသည်။
ထို့ပြင် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်လည် ဖြစ်စေရန်အတွက် စေ့စပ်ဆွေးနွေးမှုများကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်မတော်များအနေဖြင့် ၎င်းတို့ကြား ၂ဝ၂၄ ခုနှစ်က သဘောတူညီထားသည့် ဒေသများသို့ ပြန်လည်ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
Ref: Xinhua
Photo -Khmer Times