ဆိုမာလီယာနိုင်ငံတွင် အယ်လ်ရှာဘတ် စစ်သွေးကြွတပ်မှူး သုံးဦးကို ချေမှုန်းနိုင်ခဲ့

News Image

  • ဆိုမာလီယာနိုင်ငံတွင် အယ်လ်ရှာဘတ် စစ်သွေးကြွတပ်မှူး သုံးဦးကို ချေမှုန်းနိုင်ခဲ့

ဆိုမာလီယာနိုင်ငံတွင် လုပ်ဆောင်သည့် ပူးတွဲစစ်ဆင်ရေးတစ်ခုတွင် အယ်လ်ရှာဘတ် စစ်သွေးကြွတပ်မှူး သုံးဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း အစိုးရကအတည်ပြုထုတ်ပြန် သည်။

ချေမှုန်းခံလိုက်ရသည့် စစ်သွေးကြွခေါင်းဆောင်များသည် နိုင်ငံအတွင်း လူသေဆုံးမှု အများအပြားကို ဖြစ်ပေါ်စေသည့် တိုက်ခိုက်မှုများအား ကြိုးကိုင်စီမံခဲ့သူများဖြစ်ကြောင်း သိရသည်။

ယခုအခါ ဆိုမာလီယာတပ်မတော်သည် အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့မှ ခေါင်းဆောင် ငါးဦးကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်သည်။

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည် ဆိုမာလီယာနိုင်ငံအတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

Ref: Xinhua

(Photo: Somali National Armed Forces)