အမေရိကန်တွင် လူအစုလိုက် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ဒေါ်နယ်ထရမ့်က အမျိုးသား အစောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရ
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင် လူအစုလိုက် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရကြောင်း အိမ်ဖြူတော်က ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
အစုလိုက်ဆန္ဒပြမှုများသည် ရဲတပ်ဖွဲ့က ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းရှိ တရားမဝင် နေထိုင်သူများ၏ နေအိမ်များအတွင်းသို့ စီးနင်းရှာဖွေခဲ့ပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း လူ ၄၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
စီးနင်းမှုများဖြစ်ပွားပြီးနောက်ပိုင်းတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထရမ့်က ထောင်ပေါင်းများစွာသော အမျိုးသားအစောင့် တပ်ဖွဲ့ဝင်များအား လော့စ်အိန်ဂျလိစ်မြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း Fox သတင်း ဌာနက ဖော်ပြသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒေသတွင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် လော့စ်အိန်ဂျလိစ် မြို့တော်ဝန်တို့မှာ ၎င်းတို့၏ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် အစိုးရအဖွဲ့က ဝင်ရောက်ဖြေရှင်းရခြင်းဖြစ်ကြောင်း ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားဖော်ပြသည်။
လက်ရှိတွင် အခြေအနေများ ပိုမိုဆိုးရွားလာပါက ကမ်းတပ်ဖွဲ့အား စေလွှတ်ရန် ကာကွယ်ရေးဝန်ကြီးက အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
MWD Web Portal