တရုတ်-အိန္ဒိယဆက်ဆံရေးက အပြုသဘောဆောင်ပြီး တိုးတက်လာမှုရှိဟု ဝမ်ယီပြော
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးသည် အပြုသဘောဆောင်ပြီး တိုးတက်လာမှုရှိကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယီက အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်နှင့် တွေ့ဆုံစဉ် ပြောသည်။
တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ ပြဿနာများအတွက် အထူးကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် အာဂျစ်ဒိုဗယ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေး အကြံပေးများ အစည်းအဝေးသို့ တက်ရန် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ရောက်နေစဉ် ဝမ်ယီနှင့်တွေ့ဆုံခြင်းဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံအတွက် အကျိုးရှိစေမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ရရှိစေနိုင်သော အရေးကြီးသည့်ဘုံသဘောတူညီချက်များအတိုင်းလိုက်နာကာ တစ်ဦးက တစ်ဦးကို အန္တရာယ်မဖြစ်စေသင့်ကြောင်း၊ တစ်ဦးနှင့်တစ်ဦးသည် ပြိုင်ဘက်သဘောမျိုးထက် မိတ်ဖက်များအဖြစ် နေထိုင်သွားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောထားသည်ဟု သိရသည်။
MWD Web Portal