အီရန်နိုင်ငံမှရေနံများ တရုတ်နိုင်ငံဝယ်ယူနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား
ဝါရှင်တန် ဇွန် ၂၅
အစ္စရေးနှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တစ်ရပ်ရရှိခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ မှရေနံများ ဆက်လက်ဝယ်ယူ နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ အနေဖြင့် အီရန်ရေနံများကို ဆက်လက် ဝယ်ယူနိုင်ကြောင်း၊ ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ရေနံစိမ်းကို အများ အပြား ဝယ်ယူလိမ့်မည်ဟုလည်း မိမိမျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လူမှုမီဒီယာ စာမျက်နှာပေါ်၌ ရေးသားထားသည်။
သို့ရာတွင် သမ္မတ ဒေါ်နယ် ထရမ့်၏အဆိုပါပြောကြားချက်မှာ အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား လျှော့ချ ပေးမည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားထားသည်။
သမ္မတဒေါ်နယ်ထရမ့် အနေဖြင့် အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုများကိုချိုးဖောက်၍ အီရန် ရေနံများဝယ်ယူမည့်အစား အမေရိကန် ရေနံများကို ဝယ်ယူရေး အတွက် တရုတ်နှင့်ကျန်ကမ္ဘာ့နိုင်ငံအားလုံးကို ဆက်လက်တိုက်တွန်း မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပါပြောကြားချက်ကြောင့် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ ပြန်လည် ကျဆင်းလာခဲ့ရသည်။
တရုတ်နိုင်ငံသည် ပြည်တွင်း စွမ်းအင်လိုအပ်ချက်အတွက် အီရန် ရေနံများ အများဆုံးဝယ်ယူနေ သောနိုင်ငံများထဲတွင် ပါဝင် ကြောင်း သိရသည်။
Ref : Xinhua
YDNB Newspaper