ငြိမ်းချမ်းရေးဖိုရမ် သို့ “ဝ” ၊ မိုင်းလား နှင့် SSPP မှ ကိုယ်စားလှယ်များ တက်ရောက်
နေပြည်တော်တွင် (၃) ရက်တာ ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအပြင် “ဝ” ၊ မိုင်းလား နှင့် SSPP မှ ကိုယ်စားလှယ်များလည်း တက်ရောက်လျက်ရှိသည်။
UWSA၊ NDAA၊ SSPP အဖွဲ့တို့သည် NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ပြီးခဲ့သည့်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ခြင်း မရှိပေ။
ယခုဆွေးနွေးပွဲသို့ UWSA မှ ဦးညီရမ်း၊ SSPP မှ စပ်နော်လိတ်၊ NDAA မှ ဦးချစ်ဆွေတို့ တက်ရောက်လျက်ရှိနေခြင်းဖြစ်သည်။ အလားတူ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာလည်း တက်ရောက်လျက်ရှိသည်ကို တွေ့ရသည်။
Peace Forum 2025 ကို ဇွန်လ (၂၅) ရက်မှ (၂၇) ရက်အထိ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် (၃) ရက်တာ ကျင်းပနေခြင်းဖြစ်သည်။
Source: Popular Myanmar
MM-News-Category