ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကမ္ဘာ့ဘဏ် ပြန်လည်ပြင်ဆင်သတ်မှတ်

News Image

  • ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကမ္ဘာ့ဘဏ် ပြန်လည်ပြင်ဆင်သတ်မှတ်

ဝါရှင်တန် ဇူလိုင် ၃

 

ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းနှင့် ၂၀၂၆ ခုနှစ် စီးပွား ရေးဖွံ့ ဖြိုးမှုနှုန်းတို့ကို ကမ္ဘာ့ဘဏ်က ယနေ့တွင် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၁ ဒသမ ၈ ရာခိုင် နှုန်းသာရှိနိုင်ပြီး ၂၀၂၆ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိသာ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် ထိုင်းပြည်တွင်းစီးပွားရေးအခြေအနေများမရေမရာဖြစ်နေချိန်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံ၏ ယခု နှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနှင့် ၂၀၂၆ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းများကို ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်အစီ ရင်ခံစာတွင် ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၂ ဒသမ ၉ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထား ပြီး ၂၀၂၆ ခုနှစ် စီးပွားရေးဖွံ့ ဖြိုးမှု နှုန်းကို ၂ ဒသမ ၇ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ 
ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် ပြည်ပပို့ကုန်ကဏ္ဍကျဆင်းလာမှု၊ ခရီးသွားလုပ်ငန်းကျဆင်းလာမှုတို့နှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းမှာ ပြန်လည်နာလန်ထူ နိုင်ရေးအတွက် မျှော်လင့်ထားသည်ထက် ပိုမိုကြာမြင့်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

Ref: Xinhus

Trs: KKO

YDNB Newspaper