ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးထံသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်

News Image

  • ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးထံသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်

06 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာပေးပို့ခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက် နံနက် ၆ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သောင်တန်းကျေးရွာ၌ ခြိမ်းခြောက်စာပေးပို့ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ညောင်မှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမင်းဇော်(၄၁)နှစ်၏ နေအိမ်အုတ်လှေကားပေါ်တွင် အဖြူရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ၇.၆၂ x ၃၉ ကျည် တစ်တောင့်နှင့်အတူ ခြိမ်းခြောက်စာသားများရေးသားထားသည့် ဗလာစာရွက် တစ်ရွက်အား တွေ့ရှိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးထံသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOHA