KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

News Image

  • KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၆

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အအုံများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော်စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့ရာ မြို့လုံခြုံရေးတပ်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများဖြင့် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သလို စစ်ကူစစ်ကြောင်းများကလည်း အချိန်မီရောက်ရှိ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ လွိုင်ကော်မြို့ အကြမ်းဖက်သောင်းကျန်းသူများ လက်အောက်မကျရောက်စေရေး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါ ပူးပေါင်းပါဝင်၍ တိုက်ပွဲဝင်စဉ်အုပ်ချုပ်မှုဆိုင်ရာများ ဖြည့်ဆည်းပေးရသည့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းကြောင်းနှင့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/71924