PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်
06 July 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီ တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ထနောင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွ(၆၅ နှစ်)သည် နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် သေနတ်အတို တစ်လက် ကိုင်ဆောင်ထားသည့် အသက် ၂၀ နှစ် ဝန်းကျင်အရွယ်ရှိ Mask တပ်ထားသည့် အကြမ်းဖက်အဖွဲ့ဝင် သုံးဦးသည် ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးအား “ခင်ဗျား သတိထားနေ” ဟု ခြိမ်းခြောက်ပြောဆိုကာ နေအိမ်ဝိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ၆၆ယ/၃၃၁၀၄ CLICK ဆိုင်ကယ် အပြာရောင်တစ်စီးအား လုယက်ကာ ထနောင်းကုန်းကျေးရွာ၏အရှေ့ဘက် မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ကျေးရွာဘက်သို့ မောင်းနှင်ယူဆောင်သွားကြောင်း သိရှိရပါသည်။
ထိုသို့ အုပ်ချုပ်ရေးမှူးတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ခြိမ်းခြောက်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOHA