ကုလားပဲစားသုံးခြင်းဖြင့် သွေးအတွင်း ကိုလက်စထရောစုစည်းမှုကို လျှော့ချနိုင်
နယူးယောက် ဇူလိုင် ၇
ကုလားပဲကိုစားသုံးခြင်းဖြင့် သွေးအတွင်း ကိုလက်စထရောဓာတ်စုစည်းမှုကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၆ ရက် သတင်းများအရ သိရသည်။
အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သွေးအတွင်း ကိုလက်စထရော စုစည်းမှုများနေသူများအနေဖြင့် ကုလားပဲဟင်း တစ်ခွက်ကို သီတင်း ၁၂ ပတ်ကြာ နေ့စဉ်စားသုံးပါက ကိုလက်စထရောအဆင့်ကို ကျန်းမာရေးနှင့် ညီညွတ်သည့်အဆင့်သို့ လျှော့ချပေးနိုင်ကြောင်း သိရသည်။
အမေရိကန် သုတေသနပညာရှင်များသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှု မြင့်မားသူများကို နှစ်စုခွဲ၍ တစ်စုကို ကုလားပဲနေ့စဉ်ကျွေး၍ ကျန်တစ်စုကို အခြားပဲတစ်မျိုး နေ့စဉ်ကျွေးပြီး လေ့လာစောင့်ကြည့်ခဲ့ကြသည်။
စမ်းသပ်မှုမှ ပေါ်ထွက်လာသည့်ရလဒ်များအရ ကုလားပဲနေ့စဉ်စားသုံးသူများ၌ ကိုလက်စထရော လျှော့ချနိုင်မှုမှာ ပို၍ ထိရောက်မှုရှိပြီး တစ် ဒက်ဆီတာလျှင် ၁၈၆ မီလီဂရမ်ထိ ကျဆင်းသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန်သုတေသနပညာရှင်များ၏ အဆိုအရ ကုလားပဲတွင် ပါဝင်သည့် Phytosterols ခေါ် ဓာတုပစ္စည်းတစ်မျိုးမှာ ကိုလက်စထရောကို လျှော့ချရာတွင် ထိရောက်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ