အာရုံနာ့ဗ်ဆဲလ်များသေဆုံးမှုကို တားဆီးနိုင်သော နည်းလမ်းတစ်ရပ် ဆေးပညာရှင်များ တွေ့ရှိ
နယူးယောက် ဇူလိုင် ၇
အာရုံနာ့ဗ်ဆဲလ်များ သေဆုံး မှုကို တားဆီးနိုင်သည့် နည်းလမ်း တစ်ရပ်ကို ဆေးပညာရှင်များက တွေ့ရှိထားရာ ပါကင်ဆန်ရောဂါအတွက် ကုထုံးသစ်ဖြစ်လာနိုင်ကြောင်း ဇူလိုင် ၆ ရက် သတင်း များအရ သိရသည်။
အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာ ရှင်များသည် မျိုးဗီဇအပြောင်း အလဲ တစ်မျိုးတည်းကြောင့် ဖြစ်ပွားရသည့် ပါကင်ဆန်ရောဂါပုံစံတစ်မျိုးကို လေ့လာခဲ့ကြသည်။ လေ့လာချက်မှ ပေါ်ထွက် လာသည့်ရလဒ်များအရ အထက် ပါ ပါကင်ဆန်ရောဂါ ပုံစံမျိုးရှိသူ များ၌ ဦးနှောက်၏ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်စွမ်းအား ဟန့်တားနှောင့်ယှက်တတ်သော ပရို တင်းတစ်မျိုးစုစည်းမှု လွန်ကဲနေတတ်ကြောင်း သိရသည်။
သို့ရာတွင် LRRK 2 အမည်ရှိအထက်ပါပရိုတင်းများကို ထိန်း ချုပ်တားဆီးခြင်းဖြင့် ဦးနှောက် အာရုံနာ့ဗ်ဆဲလ်များ သေဆုံးမှုကို တားဆီးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။
LRRK 2 ပရိုတင်းများစုစည်း မှုကို MLi-2 LRRK 2 kinase In-hibitor ခေါ် မော်လီကျူးတစ်မျိုး ဖြင့် ထိန်းချုပ်တားဆီးနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင် များ၏ အဆိုအရ သိရသည်။
အမေရိကန်နိုင်ငံ၌ ပါကင်ဆန် ရောဂါလူနာ ၁ ဒသမ ၁ သန်းခန့် ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း ထပ်တိုး လာနိုင်ကြောင်း သုတေသနပညာ ရှင်များက ခန့်မှန်းထားသည်။
Ref: Russia Today
Trs: KKO
Photo - Science Direct