ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် ဒွန်းနက်စ်ဒေသ ရှေ့တန်းစစ်မြေပြင်သို့သွားရောက်

News Image

  • ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် ဒွန်းနက်စ်ဒေသ ရှေ့တန်းစစ်မြေပြင်သို့သွားရောက်

မော်စကို ဇူလိုင် ၁၄ 
ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ်သည် ယူကရိန်း စစ်မြေပြင်၌ တိုက်ပွဲဝင်နေသော ရုရှားတပ်များကို သွားရောက် စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရုရှားစစ်ဦးစီးချုပ်ဂျီရာဆီမော့ဗ် သည် ယူကရိန်းအရှေ့ပိုင်းဒွန်းနက်စ် ဒေသ ပိုကရော့ခ်နယ်မြေ၌ တိုက်ပွဲဝင်နေသည့် ရုရှားတပ်များကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ .

ပိုကရော့ခ် နယ်မြေသည် ဒွန်းနက်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ရုရှားတပ်များအတွက် အဓိက စစ်ရေးပစ်မှတ်တစ်ခုဖြစ်သည်။

ရှေ့တန်းနယ်မြေ ခရီးစဉ်အတွင်း ရုရှားတပ်မှူးများက စစ်မြေပြင် အခြေအနေများကို ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ်ထံ တင်ပြခဲ့ကြကြောင်း သိရသည်။ ဒွန်းနက်စ် စစ်မြေပြင်သို့ ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် သွား ရောက်ခဲ့သည့်အချိန်ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ရုရှားတပ်များသည် လက်ရှိအချိန်တွင် ယူကရိန်းတစ်နိုင်ငံလုံး အကျယ်အ၀န်း၏ ၁၉ ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper