မန်ဟက်တန်ရှိ အဆောက်အဦတစ်ခုတွင် သေနတ်ကိုင်တိုက်ခိုက်မှု ဖြစ်ပွား

News Image

  • မန်ဟက်တန်ရှိ အဆောက်အဦတစ်ခုတွင် သေနတ်ကိုင်တိုက်ခိုက်မှု ဖြစ်ပွား

ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းတွင် မန်ဟက်တန်အလယ်ပိုင်းရှိ အထပ်မြင့် ရုံးအဆောက်အဦတစ်ခုအတွင်း သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယူးယောက်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ကာ သေနတ်သမား သည် အဆုံးစီရင် သွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ ဝန်းကျင်တွင် 345 Park Avenue ရှိ အထပ်ပေါင်း ၄၄ ထပ်ရှိသည့် အဆောက်အဦ တစ်ခုအတွင်း ဖြစ်ပွားခဲ့ပြီး ၎င်းအဆောက်အဦတွင် JP Morgan, KPMG, Deutsche Bank, Blackstone, NFL အပါအဝင် အချို့သော ကုမ္ပဏီ များကြီးများ၏ ရုံးခန်းများ တည်ရှိသည်။ ပစ်ခတ်သူသည် M4 မောင်းပြန် သေနတ်ကို ကိုင်ဆောင်ကာ အဆောက်အဦအတွင်းသို့ ဝင်ရောက် ပစ်ခတ် ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

သေနတ်သမားသည် ခန်းမဆောင်အတွင်း ပစ်ခတ်ပြီးနောက် အဆောက်အဦ ၏ ၃၃ ထပ်တွင် ပုန်းအောင်းနေစဉ် ၎င်း၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်ခဲ့သည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂