တရုတ်-မလေးရှား နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် စတင်
တရုတ်နိုင်ငံ၏ မလေးရှားနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်သည် ဇူလိုင် ၁၇ ရက်တွင် တရားဝင် စတင်အသက်ဝင် ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဗီဇာ ကင်းလွတ်ဖြတ်သန်းသွားလာနေထိုင်ခွင့် မူဝါဒကို ပိုမိုချဲ့ထွင်လိုက်ပြီဖြစ်သည်။
အဆိုပါ မူဝါဒအရ တရုတ်နိုင်ငံသားများနှင့် မလေးရှားနိုင်ငံသား များသည် သက်ဆိုင်ရာ နိုင်ငံ၏ သာမန် နိုင်ငံကူးလက်မှတ် (ordinary passport) ကိုင်ဆောင်ထားပါက ဗီဇာမလိုဘဲ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်း တစ်ကြိမ်လျှင် ရက် ၃၀ ထက် မပိုစေ ရဘဲ ရက်ပေါင်း ၁၈၀ အတွင်း စုစုပေါင်း ရက် ၉၀ ထက် မကျော်လွန်သော ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာနေထိုင်နိုင်ခွင့် ရမည် ဖြစ်သည်။
အဆိုပါမူဝါဒသည် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး သုံးလအကြာတွင် စတင်အသက်ဝင်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်နှင့် နိုင်ငံတကာ ဖလှယ်မှုများ မြှင့်တင်ရန် ကြိုးပမ်းမှုများတွင် နောက်ထပ် ခြေလှမ်းအသစ်တစ်ခု ဖြစ်ကြောင်းကို ပြသနေသည်။
မေလအထိ တရုတ်နိုင်ငံသည် နိုင်ငံကူးလက်မှတ် အမျိုးအစား အမျိုးမျိုး အတွက် နိုင်ငံပေါင်း ၁၅၇ နိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် တရုတ်နိုင်ငံက ဗီဇာ ကင်းလွတ်ဖြတ်သန်းသွားလာ နေထိုင်ခွင့် ကာလကို ရက် ၃၀ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua Myanmar