မော်လမြိုင်ကမ်းနားတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြုပ်

News Image

  • မော်လမြိုင်ကမ်းနားတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်ကမ်းနားလမ်း၊ ထားဝယ်တံတားဆိပ်ကမ်းတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်ကျမှ သိကြတာ၊ ဘယ်လိုမြုပ်သွားလဲတောင် မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသင်္ဘောသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်သင်္ဘောဖြစ်ပြီး ဟာမိုနီ အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲခဲ့သည့် သင်္ဘောလည်း ဖြစ်သည်။

လက်ရှိတွင် ရေတက်လျက်ရှိနေသောကြောင့် ရေပြန်ကျသွားသည့်အချိန်မှသာ ပြန်လည်ဆယ်ယူမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် (ဇူလိုင်၁၉)ရက်နေ့ကလည်း ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်၌ ကမ်းရိုးတန်းသွားကုန်တင်သင်္ဘောတစ်စီး မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့သေးသည်။

Popular Myanmar