ဖားကန့် မှော်စီစာတောင်ယာကုန်း မြေစာပြိုကျမှုဖြစ်ပွား လူသေဆုံးပျောက်ဆုံးမှု ၁၇ ဦး ထိရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် က မှော်စီစာတောင်ယာကုန်းမှာ ယနေ့(ဇူလိုင်၂၁ရက်) မနက်ပိုင်းက မြေစာပြိုကျမှုဖြစ်ပွားခဲ့ပြီး ကနေဦးသတင်းများအရ လူသေဆုံး ပျောက်ဆုံး (၁၇) ဦး ထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေစာပြိုကျမှုကြောင့် လူသေဆုံးပျောက်ဆုံးမှုဦးရေမှာ တိုးလာနိုင်သေးကြောင်း ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။
လက်ရှိနေလည်ပိုင်းထိ သေဆုံးနေသည့်အလောင်းတစ်လောင်းကိုဘဲ တူးဖော်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်းလည်း သိရသည်။
မြေစာပြိုကျသည့်နေရာမှာ မှော်စီစာတောင်ယာကုန်း စိန်စိန် ဂျိတ်ပါဝါကြောဖြစ်ပြီး ပြိုကျသည့်အချိန်တွင် ဆိုင်ကယ်သုံးစီးနှင့် လူများလည်းပါဝင်ကြောင်း သိရသည်။
Popular Myanmar
MM-News-Category